ညနေ ၄ နာရီခွဲအချိန်တွင် တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၃) ရပ်ကွက်တွင်းလမ်းမပေါ်၌ သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်နေအောင်သူ(ခ)ဝတုတ်(၄၀)နှစ် အား စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့် အနက်ရောင်ကြွတ်ကြွတ်အိတ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သူ(ခ)ဝတုတ်အား တောင်ကြီးမြို့မရဲစခန်း (ပ)၃၁/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၂၀(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



