နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေး၌ နှစ်လုံး/သုံးလုံးထီများရောင်းချနေကြောင်း သတင်းအရ ဇေယျာသီရိခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ပုဗ္ဗသီရိမြို့နယ်၊ သစ်ယားကုန်းကျေးရွာနေ မတင်နီလာထွေး(၄၀)နှစ်အား နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ် ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်နီလာထွေးအား ပတ္တာနယ်မြေရဲစခန်း (ပ)၁၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အရေးယူထားကြောင်း သိရသည်။



