အခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးက ကျပ် ၁ ဒသမ ၂၂၁ ဘီလီယံကျော်ရှိခဲ့တယ်လို ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းတွေအရ သိရပါတယ်။ဇန်နဝါရီလထဲမှာ စတော့ရှယ်ယာစောင်ရေ ၃ သိန်း ၈ သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စတော့ရှယ်ယာစောင်ရေ ၁ သိန်း ၆ သောင်းကျော် အရောင်းအဝယ်ရှိခဲ့ပြီး အရောင်းအဝယ် တန်ဖိုး ကျပ် ၅၁၃ သန်းကျော်သာ ရှိခဲ့တာကို တွေ့ရပါတယ်။ဒါကြောင့် ကာလတူရှယ်ယာအရောင်းအဝယ်နဲ့ နှိင်းယှဉ်ရင် အခုနှစ်အစောပိုင်းမှာ စတော့ရှယ်ယာအရောင်း အဝယ်တန်ဖိုးက ကျပ် ၇၀၇ ဒသမ ၄၆၄ သန်းကျော် ပိုခဲ့ပါတယ်။ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခု နဲ့ စာရင်းဝင်အကြိုဈေးကွက် (PLB) မှာ အများ ပိုင်ကုမ္ပဏီ ၂ ခု နဲ့ နေ့စဉ်စတော့ရှယ်ယာ တွေကို အရောင်းအဝယ်ဆောင်ရွက်နေပါတယ်။



