ဖေဖော်ဝါရီလ ၄ ရက်နေ့ ၁၇နာရီ၂၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကာလိမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ စိုင်းထွန်းကျော်(ခ)စိုင်းပီး မောင်းနှင် လာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၉,၅၀၀ ပြား(ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၂,၈၅၀)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၈၀)၊ ကက်တမင်း အလေးချိန် ၇၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းထွန်းကျော်(ခ)စိုင်းပီး(၃၃)နှစ်အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



