back

ရန်ကုန်တိုင်းရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်နေ

Feb 06 • 6:05 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်တိုင်းရွှေအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ရွှေအရောင်းဝယ်ရပ်လုနီးပါးဖြစ်နေ

ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက...

ရန်ကုန်တိုင်း ရွှေအသင်းဥက္ကဋ္ဌ အပါအဝင် ရွှေလုပ်ငန်းရှင် သုံးယောက် ဖမ်းဆီးခံရပြီးနောက် ရွှေအပိုင်းအရောင်းဝယ်အားလုံး ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။အရောင်းဝယ်တွေ အားလုံးကတော့ ရပ်ထားကြတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ သိန်း ၁၀၀ အောက်ကျမှ ဈေးပြန်ဖွင့်လာနိုင်တယ်။ ရွှေလုပ်ငန်းတွေ တချို့ကတော့ ရွှေဈေး သိန်း ၁၀၀ ဖြစ်သွားကတည်းက ရှောင်နေကြတာ။ တချို့ ခေါ်ယူစစ်ဆေးခံနေရတယ် ကြားပေမယ့်လည်း YGEA က လူတွေလို့တော့ မကြားမိဘူး။ အခု အဖမ်းခံရမှသာ သိတာ” လို့ ရွှေကုန်သည် တစ်ယောက်က ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။ ရွှေဆိုင်ပိုင်ရှင် သုံးယောက်ဟာ ရွှေဈေးနှုန်း တည်ငြိမ်စေရေး အတွက် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားဖို့ တာဝန်ရှိသူတွေဖြစ်ပေမယ့် သူတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြင်ပ ရွှေပေါက် ဈေးနှုန်းနဲ့ ရွှေတုံး၊ ရွှေခဲတွေကို ဝယ်ယူ/သိုလှောင်တာ၊ အရောင်းအဝယ် ပြုလုပ်တာတွေ ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်အခုလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က “ရွှေဈေးကျအောင် လုပ်ငန်းရှင်တွေကို ဖမ်းတာက လွဲတာတော့ အကြီးကြီးလွဲချက်ပဲ။ အဲဒီလို အကြံပေးတဲ့ ပညာရှင်မျိုးနဲ့သာ ဆက်သွားရင် ရွှေဈေးကွက်က ပိုတောင် ဆက်ပြီး ကမောက်ကမ ဖြစ်နေဦးမယ်” လို့ ပြောပါတယ်။ စီးပွားရေး ပညာရှင်တစ်ယောက်ကလည်း လက်ရှိ မြန်မာ့ရွှေစျေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေစျေး မြင့်တက်နေတာကြောင့် ဖြစ်တဲ့အတွက် ကမ္ဘာ့ရွှေစျေးကို ရွှေလုပ်ငန်းရှင်အသင်းက ထိန်းချုပ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ရွှေဆိုင်တွေဆိုပါကလည်း တချို့သော ဆိုင်တွေက သက်တမ်းနုတဲ့ ဆိုင်တွေ ဖြစ်ပေမယ့် သက်တမ်းရင့် ဆိုင်ကြီးတွေနဲ့ တပြေးညီ အခွန်ဆောင်ခိုင်းတာတွေ ရှိနေတဲ့အတွက် မျှတမှုမရှိ ဖြစ်နေပြီး လုပ်ငန်းရှင်တွေအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။


news-view-count-icon

27