back

ကြိမ်ထုတ်ကုန် ၉၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့

Feb 06 • 2:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကြိမ်ထုတ်ကုန် ၉၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့

မြန်မာနိုင်ငံမှ ထွက်ရှိသော ကြိမ်နှင့် ဝါးလက်မှုအချောထည် ထုတ်ကုန်များအနက် ၉၀ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်သို့ တင်ပို့နေပြီး ပြည်တွင်း၌ ၁၀ ရာခိုင်နှုန်းသာ အသုံးပ...

မြန်မာနိုင်ငံမှ ထွက်ရှိသော ကြိမ်နှင့် ဝါးလက်မှုအချောထည် ထုတ်ကုန်များအနက် ၉၀ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်သို့ တင်ပို့နေပြီး ပြည်တွင်း၌ ၁၀ ရာခိုင်နှုန်းသာ အသုံးပြုတော့ကြောင်း ကြိမ်၊ ဝါး လက်မှုအချောထည်ဈေးကွက်မှ သိရှိရပါသည်။ အိမ်သုံး၊ ရုံးသုံးနှင့် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၇၀၀ ကျော် ထုတ်လုပ်လျက်ရှိရာ ထုတ်ကုန်များ၏ ၈၀ ရာခိုင်နှုန်းမှာ ကြိမ်ကို အခြေခံထားပြီး အာဆီယံနိုင်ငံများအပြင် ဥရောပ၊ အမေရိကန်နှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့နေရကာ ဂျပန်နှင့် စင်္ကာပူနိုင်ငံများမှလည်း အိတ်နှင့် ဖိနပ်များကို အွန်လိုင်းမှတစ်ဆင့် အများဆုံးမှာယူလျက်ရှိကြောင်း၊ အဆိုပါ ပြည်ပပို့ကုန်များ၏ ၈၀ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် အဓိကထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20