back

မလေးရှား၊ ကွာလလမ်ပူတွင် အလုပ်လုပ်နေသည့် အသက် ၁၈ နှစ်အရွယ် ချင်းလူငယ်တစ်ဦး လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်

Feb 06 • 3:02 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၊ ကွာလလမ်ပူတွင် အလုပ်လုပ်နေသည့် အသက် ၁၈ နှစ်အရွယ် ချင်းလူငယ်တစ်ဦး လုပ်ငန်းခွင်မတော်တဆမှုဖြင့် ကွယ်လွန်

မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် ချင်းလူငယ် ဆလိုင်းကျုံးဘွေထောင် (Salai Cung Bawi Thawng) သည် ဖေ...

မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် ချင်းလူငယ် ဆလိုင်းကျုံးဘွေထောင် (Salai Cung Bawi Thawng) သည် ဖေဖော်ဝါရီလ ၃ ရက်နေ့က လုပ်ငန်းခွင်အတွင်း မတော်တဆမှုဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ၎င်းသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားရွာမှဖြစ်ပြီး မလေးရှားသို့ ရောက်ရှိသည်မှာ မကြာသေးဘဲ စားသောက်ဆိုင်အတွင်း သန့်ရှင်းရေးလုပ်ကိုင်နေစဉ် ဂတ်စ်အိုးပိ၍ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မလေးရှားရောက် ကြောင်ထီးယားမိသားစုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကွယ်လွန်သူ၏ မိသားစုမှာ ယခင်က ထန်တလန်မြို့ပေါ်တွင် နေထိုင်ခဲ့ကြသော်လည်း တိုက်ပွဲများကြောင့် ဇာတိရွာသို့ စစ်ဘေးရှောင်နေရသူများ ဖြစ်ကြပါသည်။

news-view-count-icon

7