နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသောကြောင့် G & G နှင့် Capital အရောင်းဆိုင်များတွင် YPS ကတ် ငွေဖြည့်သွင်းခြင်းဝန်ဆောင်မှုကို လက်တလော ရပ်နားထားပြီး ကတ်ဝယ်ယူခြင်းသာ ရရှိနိုင်မည်ဖြစ်ကြောင်း Yangon Payment Service (YPS) က အသိပေးထုတ်ပြန်ထားပါသည်။ ဝန်ဆောင်မှု ပြန်လည်ရရှိမည့်ရက်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိတွင် ဆူးလေ၊ သခင်မြပန်းခြံ၊ ပန်းဆိုးတန်း၊ မြန်မာပလာဇာ၊ လှည်းတန်း စသည့် YPS အရောင်းကောင်တာများအပြင် သတ်မှတ်ထားသော Mini Mart များ၊ YBS ဂိတ်များနှင့် Junction City အပါအဝင် AYA x Counter များတွင် ကတ်ဝယ်ယူခြင်းနှင့် ငွေဖြည့်ခြင်းများကို ပုံမှန်အတိုင်း ဆက်လက်ရရှိနိုင်ကြောင်း သိရှိရပါသည်။
Feb 06 • 2:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


