တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပါတီဗဟိုရုံးချုပ်၌ ကျင်းပခဲ့ရာ၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို အလေးထားနားထောင်ကာ ပြည်သူကို မျက်နှာမူရန်နှင့် ဒေသတွင်းရှိ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတို့တွင် ဟန်ချက်ညီညီ ကြိုးစားဖြေရှင်းပေးရန် အလေးပေးဆွေးနွေးခဲ့ကြသည့်အပြင်၊ ပြီးခဲ့သည့် ရွေးကောက်ပွဲမှ အားသာချက်၊ အားနည်းချက်များနှင့် လိုအပ်ချက်များကိုလည်း အသေးစိတ်သုံးသပ်ခဲ့ကြကြောင်း သိရှိရပါသည်။
Feb 06 • 2:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 16 | 0 | 0 | 0 |


