ရန်ကုန်တိုင်း၊ဒလမြို့ဘက်ခြမ်းတွင် လွန်ခဲ့တဲ့ငါးရက်က ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘော(ချယ်ရီ)နဲ့ ညပ်ပြီး ပြုတ်ကျသေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ဒီနေ့အထိရှာမတွေ့သေးဘူးလို့ အဲဒီဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတချို့ ပြောပါတယ်။ ဒလဘက်ခြမ်းက ဘောတံတားမှာ ပြည်တွင်းရေကြောင်းက ဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်နဲ့ ကုန်ထမ်းနေတဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဟာ ဒီလ ၁ ရက်တုန်းက ဆိပ်ကမ်းကို ကပ်လာတဲ့ သင်္ဘောပေါ် ခုန်တက်ရာကနေ မတော်တဆဖြစ်ပြီး အခုလိုသေဆုံးခဲ့တာပါ။ “ သင်္ဘောကပ်လာတော့ ဒီကောင်က ကုန်ရှာဖို့ ဦးဘက်ကနေခုန်တက်တာ၊ အဲဒီမှာလွဲသွားပြီး သင်္ဘောနဲ့ ဘောတံတားကြား ညပ်သေတာပေါ့။ သွေးတွေများ ရဲလို့။ လူလည်း ရေထဲကျသွားတယ်။ အခုထိ မတွေ့ဘူး” လို့ အဲဒီက ကုန်ထမ်းသမားတစ်ဦးက ဒီနေ့ပြောပါတယ်။ အလောင်းပြန်ရဖို့ ရေငုတ်ရှာဖွေတာ၊ မြစ်ကြောင်းတစ်လျောက် လိုက်လံရှာဖွေတာတွေ လုပ်ပေမယ့် မတွေ့သေးဘူးလို့ သူကဆိုတယ်။ 
Feb 06 • 2:51 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


