ထိုင်းနိုင်ငံ၊ Surat Thani ပြည်နယ်၊ Koh Phangan ကျွန်းတွင် ကျင်းပသည့် လပြည့်ညပါတီ (Full Moon Party) ကာလအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးစစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအနက် Koh Phangan ခရိုင်ခွဲ၌ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရသည့် အသက် ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်းနှင့် ကိုကျော်ရဲထွန်းဆိုသူ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်နေကြောင်း၊ ကျန်ရှိသည့် ထိုင်းနိုင်ငံသား ခြောက်ဦးကိုလည်း နေရာအသီးသီးတွင် စိတ်ကြွဆေးပြားများ၊ Ice မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ခရီးသွားများဘေးကင်းစေရန်နှင့် ရာဇဝတ်မှုများကင်းစင်စေရန် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ထုတ်ပြန်ထားပါသည်။
Feb 06 • 2:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


