မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်များ၏ ငွေကြေးလည်ပတ်မှု (Liquidity) ကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးနေသဖြင့် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးသွားမည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ ဗဟိုဘဏ်တွင် သီးသန့်ရန်ပုံငွေများ ရှိနေသဖြင့် အပ်နှံသူများအနေဖြင့် ငွေကြေးများကို အချိန်မရွေး ထုတ်ယူနိုင်ကြောင်း၊ ဗဟိုဘဏ်၏ မူဝါဒအရ ဘဏ်များ၏ အခြေအနေကို မျက်ခြေမပြတ် ထိန်းကျောင်းနေကြောင်းနှင့် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို ပိုမိုအသုံးပြုကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် ငွေလဲလှယ်နှုန်းကိုလည်း သင့်တင့်မျှတသော နှုန်းထားဖြစ်စေရန် ဆက်လက်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဘဏ်များကို အမြဲမပြတ်စောင့်ကြည့်နေသဖြင့် ပြည်သူများ၏ ငွေကြေးဆုံးရှုံးမှု မရှိစေရဟု ဗဟိုဘဏ်ဥက္ကဋ္ဌပြော
Feb 06 • 2:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


