ကမ္ဘာကျော်ဘောလုံးကြယ်ပွင့် စီရော်နယ်လ်ဒိုသည် ယနေ့တွင် အသက် ၄၁ နှစ် ပြည့်မြောက်ပြီဖြစ်သော်လည်း ကွင်းအတွင်း၌ နုပျိုလန်းဆန်းနေဆဲဖြစ်ပြီး အောင်ပွဲများအတွက် ဆာလောင်မှုမှာလည်း လျော့ပါးသွားခြင်းမရှိသေးပေ။ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ကစားပေးရန် ဆန္ဒရှိနေသည့် ရော်နယ်လ်ဒိုသည် ၎င်း၏ပန်းတိုင်ဖြစ်သော သွင်းဂိုး (၁၀၀၀) ပြည့်ရန် နှင့် ကမ္ဘာ့ဖလား ကို ပိုင်ဆိုင်ရန် ပြင်းပြစွာ မျှော်လင့်နေဆဲဖြစ်သည်။ အနာဂတ်နှင့်ပတ်သက်၍ ၎င်းသည် နည်းပြလောကသို့ ဝင်ရောက်ရန် စိတ်ဝင်စားမှုမရှိဘဲ ဒေးဗစ်ဘက်ခမ်ကဲ့သို့ အသင်းပိုင်ရှင်တစ်ဦး အဖြစ်သာ ရပ်တည်ရန် ရည်မှန်းထားကြောင်း သိရသည်။ ကိုယ်ပိုင်ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည့် ရော်နယ်လ်ဒိုအတွက် နည်းပြဘဝမှရရှိမည့် ဝင်ငွေမှာ မက်လောက်စရာမရှိသဖြင့် အနားယူပြီးနောက်တွင်လည်း ၎င်း၏ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုအရှိန်အဝါဖြင့် စီးပွားရေးလောကတွင်သာ ဆက်လက်ခြေလှမ်းလှပနေမည်ဖြစ်သည်။
Feb 06 • 2:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


