ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့ တစ်ရက်တည်းအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် တားမြစ်ထားသည့် အလုပ်လုပ်ကိုင်မှုများဖြင့် မြန်မာနိုင်ငံသား (၁၄) ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့သည်။ ညပိုင်းတွင် မယ်ကုရွာဘက်သို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့သလို၊ မြန်မာလုပ်သားများအတွက် တားမြစ်ထားသည့် ဈေးရောင်းခြင်းနှင့် အခြားအလုပ်အကိုင်များ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၇ ဦးကိုလည်း ချစ်ကြည်ရေးတံတားအနီးတွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအားလုံးကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ထိုင်းအာဏာပိုင်များက မြန်မာလုပ်သားများ ဖွင့်လှစ်သည့် ဈေးဆိုင်များကို နေ့စဉ်စစ်ဆေးနေသဖြင့် ထိုင်းရောက် မြန်မာများအနေဖြင့် အထူးသတိပြုရန် လိုအပ်နေကြောင်း သိရှိရပါသည်။
Feb 06 • 2:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


