back

ထိုင်းနိုင်ငံတွင် ပုံမှန်ထက်ပိုမိုပူပြင်းသော နွေရာသီရောက်ရှိတော့မည်ဖြစ်ကာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်နိုင်

Feb 06 • 2:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ပုံမှန်ထက်ပိုမိုပူပြင်းသော နွေရာသီရောက်ရှိတော့မည်ဖြစ်ကာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်နိုင်

ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်ထုတ်ပြန်ချက်အရ ယခုလနှောင်းပိုင်းမှစတင်ကာ ထိုင်းနိုင်ငံတစ်ဝန်း ပုံမှန်ထက်ပိုမိုပူပြင်းသည့် နွေရာသီသို့ စတ...

ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်ထုတ်ပြန်ချက်အရ ယခုလနှောင်းပိုင်းမှစတင်ကာ ထိုင်းနိုင်ငံတစ်ဝန်း ပုံမှန်ထက်ပိုမိုပူပြင်းသည့် နွေရာသီသို့ စတင်ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ထိုင်းမြောက်ပိုင်းတွင် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် အထက်အထိ စံချိန်တင်မြင့်တက်နိုင်ပြီး ဘန်ကောက်နှင့် အလယ်ပိုင်းဒေသများတွင်လည်း အပူရှိန်ပြင်းထန်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ပြည်ပရောက်လုပ်သားများနှင့် မိဘပြည်သူများအနေဖြင့် အသက်အန္တရာယ်ဖြစ်စေနိုင်သော အပူလျှပ်ခြင်း (Heatstroke) ကို အထူးသတိပြုရန်၊ ရေဓာတ်ကို လုံလောက်စွာဖြည့်တင်းရန်နှင့် နေပူရှိန်ပြင်းထန်သည့် နေ့လယ် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း အပြင်ထွက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

news-view-count-icon

17