back

မြန်မာနိုင်ငံ၏ (AML/CFT)လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိ

Feb 06 • 2:42 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၏ (AML/CFT)လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိ

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ မူလက သတ်မှတ်ထ...

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ မူလက သတ်မှတ်ထားသည့် အချက်များအနက် ၅ ချက်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတကာစံနှုန်း (FATF) နှင့်အညီ ဆောင်ရွက်မှုများကြောင့် နှစ်စဉ်အဆင့်များ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ Action Plan ၉ ခုမှာ "ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း" (Largely Addressed) အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော အချက် ၅ ချက်ဖြစ်သည့် ငွေကြေးထောက်လှမ်းရေးသတင်းများ ပေးအပ်ခြင်း၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိသော အကျိုးအမြတ်များကို သိမ်းဆည်းခြင်း စသည့်လုပ်ငန်းစဉ်များကို ၂၀၂၆ ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရှိရပါသည်။

news-view-count-icon

17