မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Telok Panglima Garang ရှိ ဆီအုန်းစိုက်ခင်းများအတွင်း လူသူဝေးရာ၌ ဆိုင်းဘုတ်မတပ်ဘဲ ဖွင့်လှစ်ထားသည့် အွန်လိုင်းကုန်ပစ္စည်းပြန်လည်ထုတ်ပိုးသည့် ဂိုဒေါင်တစ်ခုကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၀ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦး) အပါအဝင် နိုင်ငံခြားသား ၂၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဗီဇာအလွဲသုံးစားလုပ်သူနှင့် သက်တမ်းကျော်နေထိုင်သူများအပြင် ခိုင်လုံသော အထောက်အထားမရှိသူများ ပါဝင်ပြီး၊ စစ်ဆေးမှုအတွင်း နိုင်ငံကူးလက်မှတ်အချို့နှင့် Mercedes Benz ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့အားလုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။
| 6 | 0 | 0 | 0 |


