ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက် ညပိုင်းက တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် ၎င်းတို့ကို တင်ဆောင်လာသည့် ထိုင်းယာဉ်မောင်းတစ်ဦးတို့ကို မယ်ကုကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မဲဆောက်မြို့အတွင်း အရှိန်မြှင့်စစ်ဆေးမှုများအရ ဖေဖော်ဝါရီလ ၂ ရက်နှင့် ၄ ရက်တို့တွင် သတ်မှတ်ထားသည့် အလုပ်အကိုင်အပြင် ဥပဒေနှင့်မညီဘဲ လမ်းဘေးဈေးရောင်းခြင်း၊ တွန်းလှည်းဖြင့် အစားအသောက်ရောင်းခြင်းနှင့် ရေသန့်ဘူးပို့ခြင်းတို့ လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၆ ဦးကိုလည်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထပ်မံဖမ်းဆီးခဲ့ရာ၊ လက်ရှိတွင် ၎င်းတို့အားလုံးကို မဲဆောက်ရဲစခန်းသို့ ပို့ဆောင်၍ ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Feb 06 • 2:40 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


