back

ကိုယ်ဝန်ဆောင်ချိန် အုန်းစိမ်းရည် သောက်ခြင်းက သန္ဓေသားအတွက် ကောင်းမွန်စေ

Feb 06 • 2:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကိုယ်ဝန်ဆောင်ချိန် အုန်းစိမ်းရည် သောက်ခြင်းက သန္ဓေသားအတွက် ကောင်းမွန်စေ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပြီး အာဟာရဓာတ် ပြည့်ဝတဲ့ အုန်းစိမ်းရည်သောက်သုံးပေးခြင်းကတော့ သန္ဓေသားအတွက် ကောင်းမွန်စေတယ်လို့ သုတေသနမှာ ဖော်ပြ...

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပြီး အာဟာရဓာတ် ပြည့်ဝတဲ့ အုန်းစိမ်းရည်သောက်သုံးပေးခြင်းကတော့ သန္ဓေသားအတွက် ကောင်းမွန်စေတယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို လျှပ်ပျော်ရည်တွေ ပါဝင်တဲ့ အုန်းစိမ်းရည်ဟာ ရေဓာတ်ကို ဟန်ချက်ထိန်းညှိပေးပြီး မိခင်ဖြစ်သူအတွက် အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်မှုတွေကို အားကောင်းစေပါတယ်။ ဒါ့အပြင် အုန်းစိမ်းရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီအုပ်စုဟာ မိခင်ဖြစ်သူရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ အာရုံကြောကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေသလို ရင်သွေးငယ်ရဲ့ ဖွံဖြိုးခါစ အာရုံကြောစနစ်ကို သွယ်ဝိုက်ပြီး ကူညီပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။ အုန်းစိမ်းရည်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အကောင်းဆုံး ဖြည့်စွက်စာတစ်ရပ် ဖြစ်ပေမဲ့ အာဟာရဓာတ် ပြည့်ဝစွာ ရရှိရေးမှာ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပြီး အခြားအာဟာရဓာတ်တွေကိုလည်း ပြည့်ဝအောင် စားသုံးပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

news-view-count-icon

31