မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိခဲ့သည့် ရလဒ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားကြောင်းနှင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအတွက် အပြုသဘောဆောင်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည့်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံရေးတည်ငြိမ်အောင် ပူးပေါင်းထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါသည်။
မြန်မာ့ရွေးကောက်ပွဲရလဒ်အပေါ် တရုတ်နိုင်ငံက အသိအမှတ်ပြုထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ကူညီမည်ဟုဆို
Feb 06 • 2:37 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


