တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ လျူဟိုင်ရှင်းသည် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အထူးသံတမန်လည်းဖြစ်သူ ဘရူနို ရိုဒရီဂေးပါရီလာနှင့် ဖေဖော်ဝါရီလ ၄ ရက် (ဗုဒ္ဓဟူးနေ့) က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များအကြား ရရှိထားသည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ ပါတီအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် အနာဂတ်ကို မျှဝေခံစားသည့် တရုတ်-ကျူးဘား လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်သွားရန် ကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
တရုတ်နှင့် ကျူးဘား ထိပ်သီးတာဝန်ရှိသူများ ပေကျင်းမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေး
Feb 06 • 2:36 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


