တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် လာအိုနိုင်ငံသမ္မတ သောင်လွန်း စီဆိုလစ်တို့သည် ၂၀၂၆ ခုနှစ်ကို “တရုတ်-လာအို ချစ်ကြည်ရေးနှစ်” အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများကို စတင်ကျင်းပရန် ကြာသပတေးနေ့တွင် အပြန်အလှန် သဝဏ်လွှာပေးပို့ကာ ကြေညာခဲ့ကြသည်။ ရှီကျင့်ဖျင်က နှစ်နိုင်ငံသည် အစဉ်အလာကောင်းသည့် အိမ်နီးချင်းများဖြစ်ရုံသာမက ဘုံအနာဂတ်ကို မျှဝေခံစားနေသည့် မိတ်ဖက်ကောင်းများဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး၊ သံတမန်ဆက်ဆံရေး (၆၅) နှစ်ပြည့် နှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ လာအိုသမ္မတ သောင်လွန်းကလည်း ယခုချစ်ကြည်ရေးနှစ်မှတစ်ဆင့် ခေတ်သစ်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ကာ အရည်အသွေးမြင့်မားသည့် အနာဂတ်မျှဝေခံစားသော လူ့အဖွဲ့အစည်းကို တည်ဆောက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရပါသည်။
Feb 06 • 2:34 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


