သစ္စာအားမာန်အသင်းအနေနဲ့တန်းဆင်းဇုန်ကလွတ်ကင်းဖို့အကောင်းဆုံးကြိုးစားကစားပြီး ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမဲ့ မဟာယူနိုက်တက်အသင်းကလည်း ချေပဂိုးတွေလိုက်သွင်းခဲ့လို့ (၃-၃)ရလာဒ်နဲ့ပြီးဆုံးခဲ့ပြီး အကြိတ်အနယ်ရှိတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။အဆိုပါပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ သစ္စာအားမာန်ကစားသမား စောမျိုးဇော်က ရရှိသွားခဲ့တာဖြစ်ပါတယ်။



