back

ရိုးရာဖိုက်တာ ရဲရင့်နောင်တွဲဆိုင်းနေရာ အပြောင်းအလဲဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်ရမည်

Feb 06 • 2:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရိုးရာဖိုက်တာ ရဲရင့်နောင်တွဲဆိုင်းနေရာ အပြောင်းအလဲဖြစ် ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်ရမည်

မနက်ဖြန် ဖေဖော်ဝါရီ (၆) ရက်တွင် ကျင်းပမည့် ONE Friday Fights 141 ပြိုင်ပွဲ၌ မြန်မာရိုးရာဖိုက်တာ ရဲရင့်နောင် နှင့် မလေးရှား-အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (Jojo) ...

မနက်ဖြန် ဖေဖော်ဝါရီ (၆) ရက်တွင် ကျင်းပမည့် ONE Friday Fights 141 ပြိုင်ပွဲ၌ မြန်မာရိုးရာဖိုက်တာ ရဲရင့်နောင် နှင့် မလေးရှား-အမေရိကန်ဖိုက်တာ ဂျိုဟန်ဂါဇာလီ (Jojo) တို့၏ တွဲဆိုင်းကို ယခင်သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း မဟုတ်ဘဲ တွဲဆိုင်း (၁) နေရာ (ပွဲဦးထွက်) သို့ ပြောင်းလဲလိုက်ကြောင်း သိရသည်။ ထို့ပြင် ယခုပွဲစဉ်တွင် မူလက တွဲဆိုင်း ၁၄ ဆိုင်းအထိ သတ်မှတ်ထားသော်လည်း လက်ရှိတွင် ၁၁ ဆိုင်းသာ ကျန်ရှိတော့ပြီး ရဲရင့်နောင်၏ တွဲဆိုင်းအပါအဝင် အချို့ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်မှု (Live) ပြုလုပ်ပေးမည်မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ပရိသတ်များအကြား စိုးရိမ်မှုများ ရှိနေပါသည်။

news-view-count-icon

16