back

ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ ပွဲစားခ ဘတ် ၄၀၀၀၀ ပေးပြီးလာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦး ဖမ်းဆီးခံရ

Feb 06 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ ပွဲစားခ ဘတ် ၄၀၀၀၀ ပေးပြီးလာတဲ့ မြန်မာနိုင်ငံသား (၁၃) ဦး ဖမ်းဆီးခံရ

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက်လုပ်ကိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၄၀,၀၀၀ စီ ပေးဆောင်လာသည့် မြန်...

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက်လုပ်ကိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၄၀,၀၀၀ စီ ပေးဆောင်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမပေါ်တွင် တရားမဝင် ဝင်ရောက်လာသူများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ပြည်တွင်း၌ အလုပ်အကိုင် အခက်အခဲရှိနေသဖြင့် ယခုကဲ့သို့ ငွေကြေးအမြောက်အမြား ပေးဆောင်ကာ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ လက်ရှိတွင် ၎င်းတို့အား ကန်ချနဘူရီရဲစခန်း၌ ထိန်းသိမ်းကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23