back

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

Feb 06 • 2:22 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြု တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရိုးရာအကပဒေသာများဖြင့် ပါဝင်ဆင်နွှဲကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီ...

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရိုးရာအကပဒေသာများဖြင့် ပါဝင်ဆင်နွှဲကြမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါယဉ်ကျေးမှုအဖွဲ့များသည် နေပြည်တော်၌ ရှိနေစဉ်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် အမျိုးသားပြတိုက်နှင့် ထင်ရှားသော ဥယျာဉ်များသို့ လေ့လာရေးခရီးစဉ်များ သွားရောက်ကြမည်ဖြစ်သည်။ တွေ့ဆုံပွဲအပြီးတွင် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားများ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်ကာ အိပ်ဆောင်များ၊ စားသောက်ဆောင်များနှင့် ဈေးဆိုင်များ ခင်းကျင်းထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

23