ထိုင်းနိုင်ငံ၊ Nonthaburi ပြည်နယ်က အလှပြင်ဆိုင်တစ်ခုမှာ အလှပြင်ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ၂ ဦးနဲ့ ဆိုင်ပိုင်ရှင်ကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးတို့ ပူးပေါင်းပြီး ဖ-မ်းဆီးလိုက်ပါတယ်။၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တာဝန်ရှိသူတွေက Nonthaburi ပြည်နယ်၊ Mueang ခရိုင်၊ Samakkee လမ်းပေါ်က အလှပြင်ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်ကို မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး လုပ်ကိုင်နေတယ်ဆိုတဲ့ တိုင်ကြားချက်အရ အခုလို ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။စစ်ဆေးစဉ်မှာ အသက် ၂၄ နှစ်နဲ့ ၂၂ နှစ်အရွယ် မြန်မာအမျိုးသမီးနှစ်ဦးကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်နေတာ တွေ့ရှိခဲ့ရသလို နေထိုင်ခွင့် သက်တမ်းလည်း ကုန်ဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ တာဝန်ရှိသူတွေက အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖောက်သည်အဖြစ် ဟန်ဆောင်ပြီး ခေါင်းလျှော်ခိုင်းရာကနေ သက်သေအထောက်အထား ခိုင်လုံပြီးနောက် ဖ-မ်းဆီးခဲ့တာ ဖြစ်ပါတယ်။အသက် ၄၀ အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးကိုလည်း တရားမဝင် နိုင်ငံခြားသား လက်ခံထားရှိမှုနဲ့ အရေးယူထားပါတယ်။ ဖ-မ်းဆီးခံရသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူဖို့နဲ့ နေရပ်ပြန်ပို့ဖို့အတွက် ရဲစခန်းကို ပို့ဆောင်လိုက်ပြီး အလုပ်ရှင်ကိုတော့ ဥပဒေနဲ့အညီ ဒဏ်ငွေရိုက် အရေးယူသွားမယ်လို့ သိရပါတယ်။



