၂၀၂၆ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Gold Camp ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက ပြိုင်ပွဲဝင်ဌာနခွဲများအားလုံး တစ်ပြေးညီဖြစ်စေရေး၊ အနံ့အရသာနှင့် ပြည့်စုံသော ထမနဲများကို ဝန်ထမ်းများအား စနစ်တကျ ခွဲဝေပေးနိုင်ရေးနှင့် ပြိုင်ပွဲစည်းမျဉ်းများအတိုင်း အကောင်းဆုံးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များကလည်း ပြိုင်ပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့် အမှတ်ပေးစနစ်များကို ကဏ္ဍအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 06 • 2:21 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 13 | 0 | 0 | 0 |


