ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်၏ (၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းတွင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းမှ မဟာဘွဲ့၊ ဂုဏ်ထူးဘွဲ့နှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူ စုစုပေါင်း ၁၆၈ ဦးအား ဘွဲ့များအသီးသီး အပ်နှင်းခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ဘွဲ့ရမောင်မယ်များ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအတွက် ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


