back

ထိုင်းမှာ ချစ်သူများနေ့ ငွေကြေးသုံးစွဲမှုဟာ ဘတ် ၂.၉ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပြီး ၆ နှစ်အတွင်း အမြင့်မားဆုံးဖြစ်မည်

Feb 06 • 2:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ချစ်သူများနေ့ ငွေကြေးသုံးစွဲမှုဟာ ဘတ် ၂.၉ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းထားပြီး ၆ နှစ်အတွင်း အမြင့်မားဆုံးဖြစ်မည်

ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) ရဲ့ စစ်တမ်းအရ ၂၀၂၆ ခုနှစ် ချစ်သူများနေ့ (Valentine's Day) ကာလအတွင်း ငွေကြေးသုံးစွဲမှုဟာ ထိုင်းဘတ်ငွေ ၂.၉ ဘီလီယံနီးပါ...

ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) ရဲ့ စစ်တမ်းအရ ၂၀၂၆ ခုနှစ် ချစ်သူများနေ့ (Valentine's Day) ကာလအတွင်း ငွေကြေးသုံးစွဲမှုဟာ ထိုင်းဘတ်ငွေ ၂.၉ ဘီလီယံနီးပါး ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်ထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်  အတွင်း အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။လူပေါင်း ၁,၂၈၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဒီနှစ် ချစ်သူများနေ့ အငွေ့အသက်ဟာ ယခင်နှစ်တွေထက် ပိုမိုသက်ဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် တစ်ဦးကို ဘတ် ၂,၄၀၁ ခန့် သုံးစွဲကြမှာဖြစ်ပြီး လက်တွဲဖော်အတွက် လက်ဆောင်ဖိုးကတော့ ဘတ် ၁,၃၂၁ ခန့် ရှိပါတယ်။ အသက်အရွယ်အပိုင်းအခြားအရ Gen X တွေက ငွေကြေးအများဆုံး သုံးစွဲသူတွေ ဖြစ်ကြပါတယ်။နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုနဲ့ ရွေးကောက်ပွဲအကြိုကာလ ဖြစ်တာကြောင့် စီးပွားရေးအပေါ် ယုံကြည်မှု မြင့်တက်လာသလို၊ တရုတ်ခရီးသွားတွေ ပြန်လည်ဝင်ရောက်လာတာကလည်း အထောက်အကူ ဖြစ်စေပါတယ်။ ကုန်ဈေးနှုန်းတွေ တက်နေပေမယ့် ဒီနှစ် ချစ်သူများနေ့ဟာ ရုံးပိတ်ရက်  နဲ့ တိုက်ဆိုင်နေတာကြောင့်ရော၊ အစိုးရရဲ့ စီးပွားရေးနှိုးဆွမှု အစီအစဉ်တွေကြောင့်ပါ ပြည်သူတွေက ငွေသုံးဖို့ ဝန်မလေးကြတာလည်း ဖြစ်ပါတယ်။

news-view-count-icon

16