ဝါရင့်တိုက်စစ်မှူး ကရင်ဘန်ဇီးမားသည် ၎င်း၏ခြေစွမ်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ အဆင့်အတန်းတစ်ခုတွင် ရှိနေဆဲဖြစ်ကြောင်း အယ်လ်ဟီလေအသင်းအတွက် ပထမဆုံးပွဲစဉ်မှာပင် ဟက်ထရစ် (၃ ဂိုး) သွင်းယူကာ သက်သေပြလိုက်သည်။ မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် ဆော်ဒီလိဂ်ပွဲစဉ်တွင် ဘန်ဇီးမားသည် ဟက်ထရစ်အပြင် ဂိုးဖန်တီးမှု တစ်ကြိမ်ပါ ပြုလုပ်နိုင်ခဲ့သဖြင့် အယ်လ်ဟီလေအသင်းသည် အဝေးကွင်း၌ ၆-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် အယ်လ်ဟီလေသည် အမှတ်ပေးဇယား အဆင့် (၁) နေရာကို ဆက်လက်ခိုင်မာစေခဲ့ပြီး၊ ဘန်ဇီးမားအနေဖြင့်လည်း မတူညီသည့် အသင်းနှစ်သင်းနှင့်အတူ နှစ်နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရပါသည်။
Feb 06 • 2:25 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


