back

ထိုင်းတွင် တရားထိုင်တာနဲ့ ဂျပန်ရောက်မယ်လို့ ပြောတဲ့ တစ်တော့ စတားနာမည်ကြီးနေ

Feb 06 • 1:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် တရားထိုင်တာနဲ့ ဂျပန်ရောက်မယ်လို့ ပြောတဲ့ တစ်တော့ စတားနာမည်ကြီးနေ

ထိုင်းတစ်တော့စတား ယောကျ်ားတစ်ဦးဟာ ခန္ဓာကိုယ်ကနေ ဝိညာဥ်စွန့်ခွာတဲ့ လမ်းစဥ်သုံးပြီး ခရီးသွားတဲ့ ပါဝါ၊ ကလေးတွေကိုပါ ဒီပါဝါ လက်ဆင့်ကမ်း သင်ပေးတာကြောင့် နာမည်ကြီးနေပ...

ထိုင်းတစ်တော့စတား ယောကျ်ားတစ်ဦးဟာ ခန္ဓာကိုယ်ကနေ ဝိညာဥ်စွန့်ခွာတဲ့ လမ်းစဥ်သုံးပြီး ခရီးသွားတဲ့ ပါဝါ၊ ကလေးတွေကိုပါ ဒီပါဝါ လက်ဆင့်ကမ်း သင်ပေးတာကြောင့် နာမည်ကြီးနေပါတယ်။ @ongdum အကောင့်မှာ သူက သူ့ follower တွေကို သင်ကြားပေးခဲ့တာဖြစ်ပြီး တကယ်တတ်မြောက်သွားရင် ရုပ်နာမ်က လွတ်မြောက်ပြီး ကမ္ဘာပတ်၊ စကြာဝဠာထဲထိသွားလာနိုင်တာပါ။ နာမည်ကြီးနေတဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် ဒီဆရာရဲ့ လမ်းစဥ်လိုက်နာတဲ့ မိန်းကလေးငယ်တစ်ဦးက သူ ဂျပန်ရောက်ဖူးကြောင်း၊ ဖူဂျီတောင်ရောက်ဖူးကြောင်း၊ နင်ဂျာတွေရှင်သန်ခဲ့ရာ ရွာတစ်ခုရောက်ပြီး နင်ဂျာ ဝိညာဥ် ၁၀ ကောင်နဲ့ တွေ့ခဲ့တယ်လို့ပြောပါတယ်။ သူက ဂျပန်စကား တစ်ခါမှမသင်ဖူးတာတောင် ဝိညာဥ် ဘဝနဲ့သွားတဲ့အခါ ဂျပန်စကား တတ်နေတယ်လို့ ပြောပါတယ်။ဒီဖြစ်ရပ်တွေကြောင့် ဟာသနှောပြီး ပြောနေသူတွေရှိသလို၊ တချို့တွေကလည်း ကလေးတွေကို အသုံးချလို့ ဆဲဆိုမှုတွေရှိနေပြီး Apirat ဆိုသူ နောက်ကွယ်က ဆရာက ရှေ့ထွက်ရှင်းလာရပါတယ်။

news-view-count-icon

16