back

ထိုင်းတွင် ရွေးကောက်ပွဲပြီးရင် ပြည့်တန်ဆာလုပ်ငန်းအတွက် ကောင်းတာတွေယူလာပေးမယ်လ်ို့ ထိုင်းပါတီတွေမဲဆွယ်

Feb 06 • 1:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ရွေးကောက်ပွဲပြီးရင် ပြည့်တန်ဆာလုပ်ငန်းအတွက် ကောင်းတာတွေယူလာပေးမယ်လ်ို့ ထိုင်းပါတီတွေမဲဆွယ်

ထိုင်းတွင် ကြိုတင်မဲကာလပြီးလို့ ရွေးကောက်ပွဲရက် ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ ထိုင်းပါတီတွေဘက်က မဲဆွယ်လာတာက လိင်လုပ်သား၊ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ တိုးတက်မှ...

ထိုင်းတွင် ကြိုတင်မဲကာလပြီးလို့ ရွေးကောက်ပွဲရက် ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ ထိုင်းပါတီတွေဘက်က မဲဆွယ်လာတာက လိင်လုပ်သား၊ ပြည့်တန်ဆာလုပ်ငန်းတွေရဲ့ တိုးတက်မှု၊ ထောက်ပံ့ပေးမှုအတွက်ပါ။ “Sex Worker and the City” လို့ အမည်ရတဲ့ ဖိုရမ်တစ်ခုကို ပြီးခဲ့တဲ့ရက်တွေက Cowboy 2 Bar, Soi Cowboy မှာကျင်းပခဲ့ပြီး Swing Foundation အဖွဲ့က ဦးဆောင်၊ ဖွေထိုင်းပါတီ၊ People’s Movement, Thai Sang Thai နဲ့ ဒီမိုကရက်ပါတီတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။2023 အောက်တိုဘာတုန်းက ထုတ်ပြန်ထားတဲ့ တော်ဝင်ပြန်တမ်းအရဆို ဒီလုပ်ငန်းက တရားမဝင်ပေမယ့် ပြစ်ဒဏ်တပ်ခွင့်ကို လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီးဌာနကသာ ဒဏ်ရိုက်ခွင့်ရှိတာပါ။ ဒါပေမယ့် ဥပဒေက မရှင်းလင်းတာကြောင့် ရဲဘက်ပိုင်းဆိုင်ရာက ဝင်ပါလာပြီး ငွေညှစ်တာ၊ လာဘ်ပေးတာတွေ ခေါင်းပုံဖြတ်တာတွေလုပ်တာ၊ လုပ်ခလစာကို ကောင်းကောင်းမရရှိတာ၊ လိင်လုပ်သားတွေက စော်ကားခံရတာတွေလည်းရှိနေတာပါ။ ဒါကြောင့်ပါတီတွေက ဒီဆွေးနွေးပွဲမှာ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဖွေထိုင်းပါတီရဲ့ ကိုယ်စားလှယ်အဆိုအရ- ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုပဲ ဒီလုပ်ငန်းကို ပိတ်သိမ်း၊ ဖမ်းဆီးဖို့ ကြိုးစားပါစေ...မိသားစုတော်တော်များများရဲ့ ဝင်ငွေက လိင်လုပ်သားတွေရဲ့ ဝင်ငွေအပေါ်မူတည်နေတယ်၊ ဒါကြောင့် လိုအပ်တဲ့ အကာအကွယ်ပေးဖို့လိုအပ်ပြီး ဥပဒေအရ လုပ်ခွင့်ပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။

news-view-count-icon

17