စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့အနီး၊တွင် ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၇း၀၂ မိနစ်အချိန်ခန့်တွင် ငလျင်လှုပ်ခတ်ခဲ့ပါသည်။မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၀ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါသည်။ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
Feb 06 • 1:56 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 80 | 0 | 0 | 0 |


