မန္တလေးသို့ အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဒေသခံများမှာရောက်ရှိလာချိန်တွင် အိမ်ငှားရမ်းနေထိုင်ရန်ခက်ခဲလာကြသော အခြေအနေမျိုးကို ကြုံတွေ့လာကြကြောင်း ဒေသခံများထံမှ သိရသည်။ပြီးခဲ့သော ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ အခြေအနေအရပ်ရပ်ကြောင့် အိမ်ငှားရမ်းမှုဆိုင်ရာ အခက်အခဲများရှိလာသည့် အတွက် အိမ်ပိုင်ရှင်များက ငှားရမ်းမည့်သူများကို နေရာဒေသကန့်သတ်မှုများဖြင့် ငှားရမ်းခြင်းများပြုလုပ်လာခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်များမှ ပြောင်းရွှေ့လာသူများမှာ အိမ်ငှားရမ်းနေထိုင်ရန် အခက်ခဲဆုံးသော အခြေအနေမျိုးကြုံတွေ့နေရပြီး အချို့ရပ်ကွက်များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရွှေ့ပြောင်းလာသည့် ဒေသခံများပါ ငှားရမ်းမှုခက်ခဲလာကြောင်း သိရသည်။
| 15 | 0 | 0 | 0 |


