back

ပြည်တွင်းတွင် တရုတ်နှစ်သစ်ကူးအကြိုကာလ မြန်မာ့ဖရဲနဲ့သခွားများ အရောင်းအဝယ်သွက်လာ

Feb 06 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် တရုတ်နှစ်သစ်ကူးအကြိုကာလ မြန်မာ့ဖရဲနဲ့သခွားများ အရောင်းအဝယ်သွက်လာ

တရုတ်နှစ်သစ်ကူးကာလနီးကပ်လာချိန်တွင် မြန်မာ့ဖရဲနှင့်သခွားစျေးကွက်အတွင်း အရောင်းအဝယ် သွက်လာကြောင်း နယ်စပ်ကုန်သည်အသိုက်အဝန်းမှ သိရသည်။ကာလအတန်ကြာ အရောင်းအဝယ်အေးစက်န...

တရုတ်နှစ်သစ်ကူးကာလနီးကပ်လာချိန်တွင် မြန်မာ့ဖရဲနှင့်သခွားစျေးကွက်အတွင်း အရောင်းအဝယ် သွက်လာကြောင်း နယ်စပ်ကုန်သည်အသိုက်အဝန်းမှ သိရသည်။ကာလအတန်ကြာ အရောင်းအဝယ်အေးစက်နေရာမှ ပုံမှန်ထက်အရောင်းအဝယ်အနည်းငယ် သွက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။“သခွားကား ၁၀ စီးဝင်တာ၊ ၁၀ စီးလုံးကုန်တယ်၊ ဖရဲကားကအဝင်များတော့ နည်းနည်းကျန်တယ်၊ ခြုံပြောရရင် ပုံမှန်ထက်တော့ အရောင်းအဝယ်သွက်လာတယ်ပေါ့၊ အခုက တရုတ်ပြည်မှာ နှစ်ကူးနီးလာချိန်မို့လို့ အဝယ်လိုက်လာတဲ့ သဘောပါ၊ ရွှေသခွား ကားစီးလုံးပြတ်ကို ယွမ် ၄၅,၀၀၀ ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်တယ်၊ ဖရဲ 855 က ၃၀,၀၀၀ ကျပ်နဲ့ ၄၀,၀၀၀ ကျပ်ကြားမှာ အရောင်းအဝယ်ဖြစ်တယ်၊ ဒါက အရောင်းအဝယ်နည်းနည်း ပြန်သွက်လာတဲ့အနေအထားပေါ့” ဟု လက်ရှိနယ်စပ်သစ်သီးကုန်သွယ်မှုအခြေအနေနှင့်ပတ်သက်၍ မန္တလေးမြို့မှ သစ်သီးကုန်သည်တစ်ဦးက ပြောသည်။

news-view-count-icon

20