ဒီနေ့ သောကြာနေ့ည ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မည့် One Friday Fights 141 မှာ မြန်မာ့လက်ဝှေ့ဖိုက်တာ ၄ ဦးထိ ပါဝင်လာတာကိုတွေ့ရပါတယ်။ ဒုခေါင်ပွဲမှာ စောမင်းမင်း 🇲🇲 Vs ဒက်ချ်ဝါလစ်🇹🇭 တွဲဆိုင်း ၊ ပွဲစဥ် ၁၁မှာ စိုးနောင်ဦး 🇲🇲 Vs ဖေ့စ် 🇹🇭 တွဲဆိုင်း ၊ ပွဲစဥ် ၈ မှာ လင်းထက်အောင် 🇲🇲 Vs ဂျပန်ဖိုက်တာ တာနစ်စု 🇯🇵 ၊ ပွဲစဥ်1 မှာ တော့ ဒီတပတ် One မှာ လူအများ စိတ်အဝင်စားဆုံးပွဲ ဖြစ်တဲ့ ရဲရင့်နောင် 🇲🇲 Vs ဂျိုဟန်ဂါဇာလီ 🇱🇷🇲🇾 တို့တွဲဆိုင်း တို့ အကြိတ်အနယ် ယှဥ်ပြိုင်ထိုးသတ်ပုံများကို ရှုစားရတော့မှာဖြစ်ပါတယ်။



