ကယားပြည်နယ်(ကရင်နီ)၊လွိုင်ကော် အရှေ့ဘက် ခြမ်း နေရပ်စွန့်ခွာစခန်း တစ်နေရာမှာ ရေရှားပါးလာတာကြောင့် ရေကားတစီး(ဒါန်ဘာ ကား) ကို (၂) သိန်းကျပ် ပေးဝယ်နေရတယ်လို့ သိရပါတယ်။"ရေကတော့ အဆင်မပြေတော့ဘူး။ ရေဝယ်ရတယ်။ အရင်နေရာမှာ (၆) သောင်းနဲ့ ဝယ်ရတဲ့ရေက အခုနေရာမှာ ဆိုရင် (၂) သိန်းပေးရတယ်။ မဝယ်နိုင်တဲ့ မိသားစုတွေကတော့ အရင်နေရာဟောင်း မှာ ပြန်နေကြတယ်" လို့ နေရပ်စွန့်ခွာကော်မတီ တစ်ဦးက ပြောပါတယ်။ယခင်ကအိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ရှိပြီး ရေရှားပါးမှု ပြသာနာကြောင့် ယခင် နေထိုင်ခဲ့တဲ့ စခန်းတွေကို ပြန်လည် ပြောင်းရွေ့ကြကာ လက်ရှိမှာတော့ အိမ်ခြေ (၇၀) ဝန်းကျင်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
Feb 06 • 1:50 AM
မြန်မာ
ကယား
မျှဝေမည်
| 12 | 0 | 0 | 0 |


