တရုတ်နိုင်ငံ တံခါးဖွင့်လှစ်ခြင်းမူဝါဒ၏ရှေ့တန်းမှပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး တောင်ပိုင်းကွမ်တုန်းပြည်နယ်၏ မြို့တော်ဖြစ်သော ကွမ်ကျိုးမြို့သည် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးအတွက် အဆင့်မြင့်နေရာတစ်ခု တည်ဆောက်ရန်နှင့် ကမ္ဘာ့အဆင့်မီ ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို မြှင့်တင်ရန် မြို့တော်၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ တရားရုံးကို တည်ထောင်လိုက်ကြောင်း သိရသည်။ကွမ်ကျိုးအလယ်အလတ်ပြည်သူ့တရားရုံး (GIPC) အောက်ရှိ အထူးခုံရုံးတစ်ခုအနေဖြင့် အဆိုပါတရားရုံးသည် နိုင်ငံခြားနှင့်သက်ဆိုင်သော ကုန်သွယ်ရေးအမှုများကို ကိုင်တွယ်ဖြေရှင်းရေးအပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း GIPC က ဖေဖော်ဝါရီ ၄ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။အဆိုပါတရားရုံး၏တရားစီရင်ပိုင်ခွင့်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားနှင့်သက်ဆိုင်သော ကုန်သွယ်ရေးအမှုများ ကိုင်တွယ်ခြင်း၊ ခုံသမာဓိရုံးဆိုင်ရာအမှုများကို တရားရေး ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံခြားနှင့်သက်ဆိုင်သော ကြားဝင်ညှိနှိုင်းမှု သဘောတူညီချက်များနှင့် GIPC မှ ကိုင်တွယ်သော အခြားသက်ဆိုင်ရာကိစ္စရပ်များ အတည်ပြုခြင်း ပါဝင်သည်။



