back

အကယ်ဒမီကစားသမား ရောင်းရတာကနေ မန်စီးတီးအသင်းပေါင်သန်း ၂၇၀ နီးပါး ပိုင်ဆိုင်

Feb 06 • 1:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

အကယ်ဒမီကစားသမား ရောင်းရတာကနေ မန်စီးတီးအသင်းပေါင်သန်း ၂၇၀ နီးပါး ပိုင်ဆိုင်

၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာ ရောက်လာပြီးနောက် မန်စီးတီးအကယ်ဒမီကနေ လူငယ်ကြယ်ပွင့်တွေအပြိုင်းအရိုင်း ထွက်လာကြတယ်။ပါလ်မာ၊ ဒီလက်ပ်၊ ဘရာဟမ်ဒီယက်ဇ်တို့ကအထင်ရှားဆုံး မန်စ...


၂၀၁၆ ခုနှစ်မှာ ဂွာဒီယိုလာ ရောက်လာပြီးနောက် မန်စီးတီးအကယ်ဒမီကနေ လူငယ်ကြယ်ပွင့်တွေအပြိုင်းအရိုင်း ထွက်လာကြတယ်။ပါလ်မာ၊ ဒီလက်ပ်၊ ဘရာဟမ်ဒီယက်ဇ်တို့ကအထင်ရှားဆုံး မန်စီးတီးအကယ်ဒမီ ထုတ်ကုန်တွေပါ။အဲဒီလို ကြယ်ပွင့်ကစားသမားတွေကြောင့်ပဲ မန်စီးတီးအကယ်ဒမီထွက်တွေဟာစျေးကွက်ဝင်လာပါတယ်။ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ အကယ်ဒမီကစားသမားရောင်းချတာကနေ မန်စီးတီးက ပေါင်သန်း၂၇၀ နီးပါးပိုင်ဆိုင်ခဲ့ပါတယ်။ ဆန်ချို၊ ဖရင်ပေါင်၊ မော်ဂန်ရော်ဂျာစ်တို့လို မန်စီးတီးအသင်းကြီးမှာ ကစားခွင့်မရဘဲစျေးကွက်ဝင်တန်ဖိုးမြင့်ခဲ့သူတွေလည်းရှိပါတယ်။မန်စီးတီးရဲ့တန်ဖိုးမြင့်ကစားသမား ခေါ် ယူမှုတွေရဲ့နောက်ကွယ်မှာ လူငယ်အကယ်ဒမီ ကစားသမားရောင်းချရငွေက တစိတ်တပိုင်းထောက်ပံ့ပေးနေတာပါ။မန်စီးတီးအကယ်ဒမီထွက် ကြယ်ပွင့်တွေထဲပြီးခဲ့တဲ့နှစ်တွေအတွင်းမှဲာ ဆုဖလားအောင်ပွဲ ပိုင်ဆိုင်ခွင့်ရတာ ပါလ်မာနဲ့ ဘရာဟမ်ဒီယက်ဇ်တို့ပါ။

news-view-count-icon

16