ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့က သမိုင်းဝင်ဂူဝဘုရားဟာ လက်နက်ကျည်တွေပစ်ခတ်ခံရမှုတွေကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA)ရဲ့ တာဝန်ရှိသူလူငယ်တစ်ယောက်က "သဘာဝဘေးကြောင့် သမိုင်းဝင်ဘုရားပျက်စီးမှာ ကြောက်လို့ ထိန်းသိမ်းနေရတာမှာ အခုလိုမျိုးက လုံးဝမလုပ်သင့်တဲ့လုပ်ရပ်ပါ။ ဘာသာရေးနဲ့ နယ်မြေပဋိပက္ခနဲ့ဟာ မဆိုင်ပါ။ အခုလို လုပ်တာကို တကယ်အများကြီးရှုတ်ချတယ်"လို့ ပြောပါတယ်။



