စင်ကာပူနိုင်ငံမှာ အိမ်အကူဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး တရားမဝင် အချိန်ပိုင်းအလုပ်တွေ ၁၂ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး Maya Clarina Santos Tagapan ကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၁၆ ပတ်နဲ့ ငွေဒဏ် စင်ကာပူဒေါ်လာ ၂၅,၀၀၀ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အကယ်၍ ငွေဒဏ်မဆောင်နိုင်ဘူးဆိုရင်တော့ နောက်ထပ် ထောင်ဒဏ် ၅ ပတ် ထပ်တိုးကျခံရမှာဖြစ်ပါတယ်။ သူမဟာ ဒီ ၁၂ နှစ်တာကာလအတွင်း တရားမဝင် အချိန်ပိုင်းသန့်ရှင်းရေးအလုပ်တွေကနေ စုစုပေါင်း စင်ကာပူဒေါ်လာ ၂၉၆,၀၀၀ ခန့်အထိ ဝင်ငွေရရှိခဲ့တာပါ။ဒီတရားမဝင်လုပ်ရပ်တွေကို ၂၀၂၃ ခုနှစ် မတ်လမှာ MOM အလုပ်သမားဝန်ကြီးဌာနရဲ့ စစ်ဆေးရေးအရာရှိတွေက သတင်းရရှိပြီး စုံစမ်းစစ်ဆေးရာကနေ ပေါ်ပေါက်ခဲ့တာပါ။ အစိုးရရှေ့နေကတော့ Maya ရဲ့ လုပ်ရပ်ဟာ အာဏာပိုင်တွေကို လှည့်ဖြားပြီး ကိုယ်ကျိုးအတွက် စနစ်တကျ ကြံစည်ခဲ့တာဖြစ်လို့ ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 
စင်ကာပူမှာ အိမ်အကူဗီဇာကို အသုံးချပြီး ၁၂ နှစ်အတွင်း ဒေါ်လာ ၃ သိန်းနီးပါး တရားမဝင် ရှာဖွေခဲ့သူ ဖိလစ်ပိုင်အမျိုးသမီး ထောင်ကျ
Feb 06 • 1:46 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


