စင်ကာပူနိုင်ငံရဲ့ အနောက်ဘက်ခြမ်း Jurong ဒေသတဝိုက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း စင်ကာပူရေအရင်းအမြစ် စီမံခန့်ခွဲမှုဌာန (PUB) က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီသတိပေးချက်ကို မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီအထိ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်ခြေရှိတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားကြဖို့ လိုအပ်နေတာပါ။အထူးသဖြင့် ရေကြီးမှုဖြစ်နိုင်ခြေရှိတဲ့ လမ်းပိုင်းတွေဖြစ်တဲ့ Jalan Boon Lay (International Road ကနေ Enterprise Road အထိ) လမ်းပိုင်းနဲ့ Yuan Ching Road နဲ့ Yung Kuang Road ဆုံရာ လမ်းဆုံတွေကို ဖြစ်နိုင်ရင် ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး တချို့ရက်တွေမှာ ညနေပိုင်းအထိ မိုးဆက်လက် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 
Feb 06 • 1:45 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


