မန်စီးတီးအသင်း တိုက်စစ်ကစားသမား မာမွတ်ရှ်က အာဆင်နယ်အသင်းကို အနိုင်ယူပြီး
လိဂ်ဖလားရယူသွားဖို့ ရည်မှန်းနေပါတယ်။မာမွတ်ရှ်က မန်စီးတီးအသင်းကို ၂၀၂၅ ခုနှစ်၊ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောက်လာပြီး ဆုဖလားအောင်ပွဲမပိုင်ဆိုင်သေးပါဘူး။ဒါကြောင့်လည်း မန်စီးတီးအသင်းနဲ့အတူ ဆုဖလားအောင်ပွဲရယူဖို့စိတ်အားထက်သန်နေပါတယ်။မာမွတ်ရှ်က အာဆင်နယ်ကို အနိုင်ရမယ့်စွမ်းရည်မျိုး မန်စီးတီးအသင်းပိုင်ဆိုင်ထားတယ်လို့ သတိပေးခဲ့ပါတယ်။မန်စီးတီးအသင်းက နည်းပြဂွာဒီယိုလာလက်ထက်မှာ လိဂ်ဖလားကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း လေးကြိမ်ဆက် ပိုင်ဆိုင်ဖူးတယ်။အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ လိဂ်ဖလားဖိုင်နယ်ကို လာမယ့်မတ်လ (၂၂)ရက်ကျရင် ကစားသွားမှာလည်း ဖြစ်ပါတယ်။



