back

ပြည်နယ်ဘော်လုံးကွင်း ပတ်လည်ဆိုင်ခန်းများ ဖယ်ရှားရန် တတိယအကြိမ်မြောက် သတိပေးခံရ

Feb 05 • 4:06 PM

breaking-news

မြန်မာ

ရှမ်း

cover

ပြည်နယ်ဘော်လုံးကွင်း ပတ်လည်ဆိုင်ခန်းများ ဖယ်ရှားရန် တတိယအကြိမ်မြောက် သတိပေးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း၊တိုက်ခန်းများ နေရာတွင် နိုင်ငံတကာအဆင့်မှီ အားကစားကွင်း၊ အားကစားရုံနှင့် ရ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း၊တိုက်ခန်းများ နေရာတွင် နိုင်ငံတကာအဆင့်မှီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများတည်ဆောက်ရန် ဟုဆိုပြီး ဆိုင်ခန်းဌားရမ်းစာချုပ်များကိုရပ်စဲကာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်းနိုင်ရန် တတိယအကြိမ် ထပ်မံအသိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။အဆိုပါ ပြည်နယ်အားကစားကွင်းပတ်လည်တွင် ဆိုင်ခန်းတိုက်ခန်းပေါင်း ၂၀၀ ကျော်ရှိပြီး ဆိုင်ကယ်၊ ကား အပိုပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ မိတ္တူဆိုင် အများစု ဖွင့်လှစ်ထားကြကြောင်းသိရသည်။ထို လူနေတိုက်ခန်းများတွင် နှစ်ပေါင်း ၂၅ နှစ် ကျော် တိုင်တိုင် နေထိုင် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ကြောင်း နေထိုင်သူ တစ်ဦးက ဆိုသည်။ထို့ပြင် တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း လူနေဆိုင်ခန်းများ ဆောက်လုပ်ရန် စီစဉ်နေမှုအပေါ် ဒေသခံမြို့ခံများ ကန့်ကွက်ကြသဖြင့် ရပ်နားလိုက်ရကြောင်း သိရသည်။ 




news-view-count-icon

14