ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများသည် ကျားဖြန့်အွန်လိုင်းလုပ်ငန်းနှင့် ပတ်သက်မှု ရှိနိုင်ပြီး တာချီလိတ်မြို့အတွင်းတွင်လည်း စစ်ကော်မရှင် လက်အောက်ခံရဲများက ကားများဖြင့် လှည့်ပတ်စစ်ဆေးမှု ရှိနေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ထိုကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထွက်ပြေးလာသူများ ဖြစ်နိုင်သည့်အပြင် လာအိုနိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် ရွှေ့ပြောင်းလာကြသည့် တရုတ်နိုင်ငံသားများ ဖြစ်နိုင်ကြောင်းကို တာချီလိတ်မြို့ ဒေသခံများက ပြောသည်။



