ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ)ရောင်း ဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်အပါအဝင် သုံးဦးဟာ ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ပြီး ရွှေတုံးရွှေခဲများကို သို လှောင် ဖြန့်ဖြူးရောင်းချခဲ့တဲ့ အတွက် ဖမ်းဆီးအ ရေးယူထားတယ်လို့ နိုင်ငံတော်အစိုးရကနေ ဖေဖော်ဝါရီလ၅ရက်က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီးအဖိုး တန်သတ္တု(ရွှေ)ရောင်း ဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နဲ့ အ တွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့အကြောင်းအရင်းများမှာ ဦးမျိုးမြင့်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရဖို့ သိုလှောင် ထားရှိခဲ့ကြောင်း၊ ဦးမျိုးသူဝင်းဟာ သူ့ရဲ့ရွှေဆိုင်များမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီးရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဦးနေမျိုးထက်ဟာ သူ့ရဲ့ရွှေဆိုင်များမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှဲ့၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီးရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြတဲ့အတွက်လို့ သိရပါတယ်။



