ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ရက်လျှင် မီးပြတ်ချိန် ၁၂ နာရီနဲ့ မီးလာချိန် ၈ နာရီဆိုပြီး သတ်မှတ်ပေးထားပေမယ့် ဒီနှစ်မှာတော့ တစ်ရက် မီးပြတ်ချိန် နာရီ၂၀ နဲ့ မီးလာချိန် ၈နာရီဆိုပြီးသတ်မှတ်ပေးထားတယ်လို့ မြစ်ကြီးနား မြို့နေပြည်သူတွေက ပြောပါတယ်။ဒါပေမယ့် မီးပြတ်ချိန် နာရီ ၂၀ မှန်ပေပြီး မီးလာချိန်က ပုံမှန်မရတဲ့အပြင် တစ်ခါတစ်ရံ သုံး၊လေးရက် မီးပြတ်တာမျိုးတွေလည်း ကြုံတွေ့ရပြီးတစ်ခါတစ်ရံ လျှပ်စစ်မီးလာတဲ့အချိန်ဟာ ညသန်းခေါင်ယံဖြစ်နေတဲ့အတွက် အဆင်မပြေမှုတွေလည်း ကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောပါတယ်။



