ဂျပန်နိုင်ငံမှာ အရေးပေါ်သန္ဓေတားဆေးကို အရောင်းဆိုင်တွေမှာ အလွယ်တကူရောင်းချဖို့ စတင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ Norlevo ဆေး ရောင်းချမှုကို တနင်္လာနေ့မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းက ဆိုင်ပေါင်း ၇,၀၀၀ လောက်မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူက မျှော်မှန်းထားတဲ့ လက်လီဈေးနှုန်းကတော့ အခွန်အပါအဝင် ယန်း ၇,၄၈၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာလောက် ကျသင့်မှာ ဖြစ်ပါတယ်။ သန္ဓေတားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရောင်းချလာခဲ့ပေမဲ့ မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာကို ကာကွယ်နိုင်ဖို့ ပိုပြီး လွယ်လွယ်ကူကူရရှိနိုင်ရေး တောင်းဆိုမှုတွေကြောင့် ကျန်းမာရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အရောင်းဆိုင်တွေမှာ ရောင်းချရေးကို အတည်ပြုခဲ့ပါသည်။



