back

ဂျပန်တွင် နှင်းကျမှုကို ကိုင်တွယ်ဖြေရှင်းဖို့ မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို Aomori ခရိုင် အကူအညီတောင်း

Feb 05 • 2:13 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်တွင် နှင်းကျမှုကို ကိုင်တွယ်ဖြေရှင်းဖို့ မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို Aomori ခရိုင် အကူအညီတောင်း

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက Aomori ခရိုင်ဟာ စံချိန်တင် နှင်းကျဆင်းမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် Aomori မြို့ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ မြေပြင်ကိုယ်ပို...


ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက Aomori ခရိုင်ဟာ စံချိန်တင် နှင်းကျဆင်းမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် Aomori မြို့ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) ကို တောင်းဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က Aomori မြို့မှာ စုပုံနေတဲ့နှင်းတွေဟာ ၁၈၃ စင်တီမီတာအထိ ရောက်ရှိခဲ့တဲ့နောက် ခရိုင်တာဝန်ရှိသူတွေက အဲဒီလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလို နှင်းစုပုံမှုဟာ အဲဒီမြို့မှာ မှတ်တမ်းတင်ခဲ့သမျှထဲမှာ စတုတ္ထအမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။ နှင်းတွေကို ရှင်းလင်းနေရင်း မတော်တဆမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။



news-view-count-icon

2